top of page

ဒံပေါက် ကောင်းကောင်းလေး

  • Writer: Ngon Ou
    Ngon Ou
  • Mar 8
  • 1 min read


လေးယောက်စားစာချက်ဖို့ ပါဝင်ပစ္စည်းတွေကတော့


  • ကြက်သားပေါင်ရင်းနှစ်တုံး (အတုံးလေးတုံးခွဲလို့ရပါတယ်)

  • Basmati ဆန်ရှည် နှစ်ဘူး

  • ဆီ ၅၀ ml ခန့်

  • အရသာမပါတဲ့ ဒိန်ချဉ် ၂၀၀ ml ခန့် (ကြက်သားနှပ်ဖို့အတွက်)

  • ကြက်သွန်နီ၊ ခရမ်းချဉ်သီး တစ်လုံးစီ

  • ကြက်သွန်ဖြူ ၄ မွှာခန့်၊ ဂျင်းအနည်းငယ်

  • ဆနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ဆား၊ ဒံပေါက်မဆလာ



ပထမဆုံး ကြက်သွန်ဖြူနဲ့ ဂျင်းကို ညက်အောင်ထောင်းရပါမယ်။


ပြီးတာနဲ့ ဇလုံထဲထည့်ပြီး ကြက်သားတုံးကိုပါ ဆနွင်းမှုန့် အရောင်တင်မှုန့် ဆား လက်ဖက်ရည် ၃ ဇွန်းခန့်လောက်ထည့်၊ ဒံပေါက်မဆလာ လက်ဖက်ရည် ၅ ဇွန်းလောက်ထည့်၊ ဒိန်ချဉ်ပါထည့်ပြီး အဲ့ဒီဇလုံထဲ အသားနယ်လိုက်ပါ။


၁ နာရီလောက်နှပ်ပြီးရင်တော့ ကြက်သွန်နီ၊ ခရမ်းချဉ်သီး လေးတွေကို ပုံမှန်အတိုင်းလှီးလိုက်ပါ။


ပြီးတာနဲ့ အိုးထဲကို ဆီထည့်ပြီး အနည်းငယ်ပူရင် ကြက်သွန်နီထည့်ကာ ရွှေရောင်သန်းသည်အထိကြော်ပါ။



နောက်တော့ ကြက်သားနှပ်ထားတာတွေကို အိုးထဲထည့်လိုက်ပြီး မီးမပြင်းတပြင်းနဲ့ ၁၀ မိနစ်ခန့် သေချာမွှေပေးပါ။ ပြီးတာနဲ့ ခရမ်းချဉ်သီးလှီးထားတာတွေပါထည့်ပြီး နွမ်းအောင်မွှေလိုက်ပါ။


အဆင်သင့်ဖြစ်ရင်တော့ ရေ ၂၀၀ ml လောက်ကို ထည့်ပြီး မီးအေးအေးနဲ့အဖုံးပိတ်ချက်ပါ။


ချက်ထားချိန်အတွင်းထမင်းချက်ပါမယ်။ ငှဲ့ချက်မှာမလို့ ဆန်ဆေးပြီး ရေပိုပိုသာသာနဲ့ (၆ ဘူးလောက်ဆို လုံလောက်ပါတယ်) ဆားအနည်းငယ်ထည့်ပြီး တည်ထားပါ။



၁၅ မိနစ်လောက်ရှိတာနဲ့ ထမင်းလုံးစမ်းကြည့်ပြီး မကျက်သေးဘဲ အနည်းငယ်ကျစ်နေတယ်ဆို ရပ်လိုက်ပြီး ရေသွန်ပါ။


ကြက်သားအိုးလည်း ရေနည်းနည်းပဲရှိတော့တယ်ဆို ထမင်းကိုလောင်းထည့်ပါ။ မမွှေပါနဲ့။ မျက်နှာပြင်တော့ ညီပါစေ။


အဖုံးပိတ်ပြီး အဲ့ဒီအတိုင်း ၁၀ မိနစ် မီးအေးအေးနဲ့ နှပ်ပါ။ ပြီးရင် မီးပိတ်ပြီး ၁၀ မိနစ်ထပ်နှပ်ပါ။




မွှေးမွှေးလေးနဲ့ ဒံပေါက်ကောင်းကောင်းလေး သုံးဆောင်နိုင်ပါပြီ။


ဟင်းလျာတွေကို ဒီလိုလွယ်လွယ်နဲ့ အကောင်းဆုံး ချက်စားပြီး အစာအိမ်ဖြည့်နိုင်ပါပြီ။

နောက်ထပ် ဟင်းမျိုးစုံကို အကောင်းဆုံးချက်နိုင်အောင် ဖတ်ကြဖို့ Facebook Page လေးကို Like & follow လုပ်ထားကြပါဦးလို့....


Comments


Stay Connected with Us

Contact Us

  • Facebook
bottom of page