ဝက်သားနီလှလှလေး
- Ngon Ou
- Mar 3
- 1 min read
Updated: Mar 4
လူတိုင်းကြိုက်တဲ့ ဝက်သားနီချက်ကို အလွယ်ဆုံးနဲ့ အကောင်းဆုံးလုပ်စားကြည့်ကြမယ်။
ပါဝင်ပစ္စည်းတွေကတော့
ဝက်သုံးထပ်သား ၁၅ ကျပ်သား
ဆီအနည်းငယ်
ကြက်သွန်နီ ၃ လုံး
ကြက်သွန်ဖြူကြီး ၄ မွှာ
ဂျင်းအနည်းငယ် (မပါလည်းရ)
ဆား၊ သကြား၊ ပဲငံပြာရည်အကြည်နဲ့ အနောက်
ကြက်သွန်ဖြူ၊ နီနဲ့ ဂျင်းအနည်းငယ်ကို စုပြီး ထောင်းထားပါ။
ပထမဆုံး အိုးထဲကို ဆီစိုရုံလေးထည့်ပြီး ပူစပြုလာပြီဆိုတာနဲ့ သကြားထည့်ပြီး အရည်ပျော်တဲ့ထိစောင့်ပါ။
အရည်ပျော်ပြီး ညိုလာပြီဆိုရင် တုံးထားတဲ့ ဝက်သားတွေကို ဆီထဲထည့်ပြီး လှိမ့်ပါ။
လှိမ့်ပြီးလို့ ၇ မိနစ်လောက်ရှိပြီဆို ကြက်သွန်ထောင်းထားတာ နဲ့ ဆား လက်ဖက်ရည် ၃ ဇွန်းကိုကိုထည့်မွှေလိုက်ပါ။
နောက်ထပ် ၅ မိနစ်လောက်မွှေပြီးတာနဲ့ ဝက်သားတွေကို ရေမြုပ်တဲ့အထိ ရေထည့်ပါ။
ပဲငံပြာရည်အကြည်နဲ့အနောက်ကိုပါ အနည်းငယ်စီထည့်ပြီး ၁ နာရီခန့် မီးမပြင်းတပြင်းပြုတ်ထားလိုက်ပါ။
ကြားထဲမှာလည်း ရေမခန်းအောင်၊ အသားမကပ်အောင် ၁၅ မိနစ်တစ်ခါလောက်ကြည့်ပေးပါ။
ပြီးရင်တော့ မွှေးအီပြီး ပျော့အိနေတဲ့ ဝက်သားနီချက်ကောင်းကောာင်းလေး သုံးဆောင်နိုင်ပါပြီ။
ဟင်းလျာတွေကို ဒီလိုလွယ်လွယ်နဲ့ အကောင်းဆုံး ချက်စားပြီး အစာအိမ်ဖြည့်နိုင်ပါပြီ။
နောက်ထပ် ဟင်းမျိုးစုံကို အကောင်းဆုံးချက်နိုင်အောင် ဖတ်ကြဖို့ Facebook Page လေးကို Like & follow လုပ်ထားကြပါဦးလို့....
Comments