top of page

ဒါတွေကို ခွဲခြားပြီးပြောနိုင်ပြီလား

  • Writer: Freddy
    Freddy
  • Mar 7
  • 1 min read



ဒီလေးလုံးကတော့ အတူတူပဲလို့ ထင်ရနိုင်ပေမယ့် အသုံးမှာရော၊ အဓိပ္ပာယ်ဖွင့်ဆိုချက် မှာပါ ကွဲပြားကြပါတယ်။ ဒီတော့ ဘာတွေကွဲပြားတာလဲ ကြည့်လိုက်ရအောင်...


Say:

သူငါ့ကိုတစ်ခုခုပြောတယ်။ ငါသူ့ကိုပြောလိုက်တယ်။ ဘယ်သူက ဘာပြောတယ်ဆိုပြီး ပုံမှန်အတိုင်းဖော်ပြတဲ့နေရာမှာ သုံးပါတယ်။

example: I said that she looks beautiful.

Grandma said she'd come to visit us.



Tell:

သူငါ့ကို ဒါလုပ်ဖို့ပြောတယ်။ အမေက ဒါမကောင်းဘူးလို့ပြောတယ်။ ငါ့ကို ထွက်သွားဖို့သူပြောတယ် (so sad...🥲) စတဲ့ အမိန့်ပေး၊ လမ်းညွှန်၊ သတိပေး၊ ငြင်းဆန်ဆိုတဲ့ စိတ်ခံစားချက်နဲ့ ပြောလိုက်တဲ့စကားတွေကို ဖော်ပြချင်ရင် သုံးလို့ရပါတယ်။

example: I told him he can't trust them.

She told me to leave.

Father tells my brother that he can't get an ice-cream.



Talk:

ဒါကတော့ ရှင်းပါတယ်။ လူတွေ စကားပြောနေကြတာကို ပြောတဲ့ စာလုံးပဲ ဖြစ်ပါတယ်။ ဘယ်သူဘာပြောတယ်ဆိုတာထက် စကားပြောကြတယ်၊ ဘာအကြောင်းပြောတယ်လို့ပဲ ပုံဖော်တဲ့နေရာမှာ သုံးကြပါတယ်။

example: I saw them talking about dinosaurs.

You talk too much.

They are all talking about different flags.



Speak:

တစ်ယောက်က အများကို အသိပညာပေးတာ၊ မိန့်ခွန်းခြွေတာ၊ အများဝိုင်းဖွဲ့ပြီး ပြောတာလိုမျိုး နေရာတွေမှာ သုံးကြပါတယ်။ အပြန်အလှန် စကားပြောကြတဲ့ နေရာတွေမှာ အဓိကသုံးကြပါတယ်။

example: She is speaking Chinese.

They are speaking to the council.

The president is giving a speech.

I spoke with her the whole night. (ရည်းစားမရှိသူတွေ သုံးလို့မရပါ🥲)


ဒီထဲက အတိုကောက်စာလုံးတွေ အလုပ်လုပ်ပုံကိုတော့ ဒီလင့်မှာ ကြည့်လို့ရပါတယ်



ဒီစကားလုံးတွေကို လေ့လာပြီး အမြဲတမ်းအသုံးချဖို့ တိုက်တွန်းလိုပါတယ်။

နောက်ထပ် ပိုကောင်းတဲ့ စကားလုံးအဆန်းတွေ စကားပြောတွေ လေ့လာနိုင်ဖို့ Facebook Page လေးကို Like & follow လုပ်ထားကြပါဦးလို့....

Comments


Stay Connected with Us

Contact Us

  • Facebook
bottom of page